ကျနော်တို့ ဗုဒ္ဓဘာသာမှာ နေ့တိုင်း ဘုရားဝတ်ပြုတဲ့ အခါ ရွတ်ရတဲ့ ကပ် (၃)ပါး
ဆိုတာ အခု လက်ရှိခံစားနေရတာပဲ
အခုတော့
(၁) ရောဂါ ကပ်ဆိုး နှင့်
(၂) စစ်ဘေး ကပ်ဆိုး ကြုံနေရပြီ
သိပ်မကြာခင်မှာ ဒီလို လူသားမဆန်မှုတွေနဲ့အတူ
(၃) ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဆိုးလာတော့မယ်
လူတိုင်းမှာ မွေးလာတာနဲ့ ကံတရား နဲ့ ဝဋ်ကြွေးကိုယ်စီပါလာပြီးသား
ကျနော်တို့အားလုံးရဲ့ ဝဋ်ကြွေးကတော့ အခုချိန်မှာ ပုံစံတူပါပဲ
ဒီကပ်ကြီး တွေကို လက်တွဲပြီး အတူတူ ကျော်ဖြတ်ကြမယ်
ကောင်းတဲ့အရာတွေ များများလုပ်ပြီး ရင်ဆိုင်ကြမယ်
ကျနော်ကတော့ ကျနော့်ခွန်အားနဲ့ ဆွဲထူနိုင်သမျှ လူသားတိုင်းအတွက် လက်တဖက် အမြဲ ကမ်းပေးနေမှာပါ
လုပ်သင့်တာတွေ လုပ်ရင်း
ဘုရား တရားလည်း မမေ့နဲ့နော်
ကျနော့်ပရိတ်သတ်တွေကို စိတ်ပူလို့ပါ